အစိုးရစက်မှုလက်မှုသိပ္ပံ(ရွှေပြည်သာ)

အစိုးရစက်မှုလက်မှုသိပ္ပံ(ရွှေ ပြည်သာ) ၂၀၁၅-၂၀၁၆ပညာသင်နှစ်ကို ၂၀၁၆ ခုနှစ်၊ဇန်နဝါရီလ(၂၅)ရက်နေ့ တွင် စတင် ဖွင့်လှစ် ခဲ့ပါသည်။
ကျောင်း၏ မျှော်မှန်းချက်နှင့်ဦးတည်ချက်များ
တိုင်းပြည်စီးပွားရေးအတွက် လုပ်သားစျေးကွက်၏ လိုအပ်ချက်များကို အချိန်မီ ဖြည့်စည်းပေးနိုင်မည့် အရည်အချင်းပြည့်မီ၍ ကျွမ်းကျင်သော အတတ်ပညာရှင်များအားလေ့ကျင့်မွေးထုတ်ပေးသည့် နည်းပညာ သက်မွေးပညာနှင့် လေ့ကျင့်ရေးသိပ္ပံတစ်ခု ဖြစ်လာစေရန် ။
- လုပ်သားစျေးကွက်လိုအပ်ချက်များအား ဦးတည်၍ လေ့ကျင့်သင်ကြားပေးရေး
- ကျောင်းသားများနှင့် ဒေသတွင်းရှိ လုပ်သားတို့၏ စိတ်ပါဝင်စားမှုများ စွမ်းရည်များ တစ်ဦးချင်းစီ၏ရည်မှန်းချက်များနှင့် သင့်လျော်သော သင်ယူလေ့လာမှုနည်းလမ်းကောင်းများအားဖန်တီးပေးရေး
- ကျောင်းသားများနှင့် သင်တန်းသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ပေါ်ပေါက်လာစေရေးနှင့်
- အဆင့်မြင့်ပညာရေးဆီသို့ ဆက်လက်သင်ယူနိုင်မည့် နည်းလမ်းကောင်းတစ်ရပ်အား ပံ့ပိုးပေးရေး
ကျောင်းစတင်ဖွင့်လှစ်သော ရက်စွဲနှင့် ကျောင်းသမိုင်းအကျဉ်း
အစိုးရစက်မှုလက်မှုသိပ္ပံ(ရွှေ ပြည်သာ) ၂၀၁၅-၂၀၁၆ပညာသင်နှစ်ကို ၂၀၁၆ ခုနှစ်၊ဇန်နဝါရီလ(၂၅)ရက်နေ့ တွင် စတင် ဖွင့်လှစ် ခဲ့ပါသည်။
ကျောင်းလိပ်စာ (မြေအကျယ်အဝန်းအပါအဝင်) အနီးအနားရှိ ထင်ရှားသော နေရာများ
အစိုးရစက်မှုလက်မှုသိပ္ပံ(ရွှေပြည်သာ) သည်(၃.၅)ဧကခန့်ကျယ်ဝန်းပြီးရန်ကုန်တိုင်း ဒေသကြီး၊၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၁)၊အကွက်အမှတ်(၄၂)တွင်တည်ရှိပါသည်။
ဖုန်းနံပါတ်၊ ဖက်(စ်) နံပါတ် နှင့် အီးမေးလ်လိပ်စာ
ကျောင်းဖုန်း- ၀၉-၄၅၄၇၉၁၇၀၅
ကျောင်းအုပ်ကြီးဖုန်း- ၀၉-၄၀၂၆၀၂၉၁၂
အီးမေးလ်လိပ်စာ- [email protected], [email protected]
ကျောင်းအုပ်ကြီးဖုန်း- ၀၉-၄၀၂၆၀၂၉၁၂
အီးမေးလ်လိပ်စာ- [email protected], [email protected]
ကျောင်းမှပံ့ပိုးပေးထားမှုများနှင့် ဝန်ဆောင်မှုများ
ကျောင်းသား၊ကျောင်းသူများအားဦးစီးဌာနမှလစဥ်ပညာသင်ထောက်ပံ့ကြေးပေးခြင်း။ ပုဂ္ဂလိကလုပ်ငန်းခွင်များသို့လေ့လာသင်ယူနိုင်ရန်ဆောင်ရွက်ပေးခြင်း။
ကျောင်းပြီးဆုံးပါက အနာဂတ် အခွင့်အလမ်းများ
အထူးအောင်မြင်သောကျောင်းသား၊ကျောင်းသူများသည်နည်းပညာတက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရှိ ခြင်း။
ရိုးရိုးအောင်မြင်သူများအားပြင်ပအလုပ်အကိုင်ဌာနများနှင့်ချိတ်ဆက်၍အလုပ်အကိုင်ရရှိစေရန် ဆောင်ရွက်ပေးခြင်း။
ရိုးရိုးအောင်မြင်သူများအားပြင်ပအလုပ်အကိုင်ဌာနများနှင့်ချိတ်ဆက်၍အလုပ်အကိုင်ရရှိစေရန် ဆောင်ရွက်ပေးခြင်း။
တာ၀န်ထမ်းဆောင်ခဲ့သော ကျောင်းအုပ်ကြီးများ
စဥ် | အမည် | ပညာအရည်အချင်း | တာ၀န်ထမ်းဆောင်ခဲ့သည့် ကာလ |
---|---|---|---|
1 | ဒေါက်တာ မျိုးမင်းသန့် |
Ph.D (Mech) |
(၁.၁.၂၀၁၆ မှ ယနေ့ထိ) |